International News

၂၀၂၁ ခုနှစ် အတွက် အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းသတ်မှတ်ရေးအစည်းအဝေး စတင်ကျင်းပနေမှု

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်သမား၊ စီးပွားရေးနယ်ပယ်နှင့်အစိုးရပိုင်းတို့မှ ကိုယ်စားလှယ်(၉)ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၂၇) ဦး ပါဝင်သော အနိမ့်ဆုံး အခြေခံလစာသတ်မှတ်ရေးကော်မရှင် (Minimum Wages Commission) အနေဖြင့် ၂၀၂၁ ခုနှစ် အတွက် အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်း သတ်မှတ်ရေး အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁)ရက်နေ့တွင် စတင်ကျင်းပလျက်ရှိပြီး၊ လက်ရှိ Coronavirus ကြောင့် ကိုရီးယားသမ္မတ နိုင်ငံ၏ စီးပွားရေး အခြေအနေ အပေါ် ရိုက်ခတ်မှုအနေအထားများအရ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားကိုယ်စားလှယ်များသည် လုပ်ခလစာ တိုးမြှင့်သတ်မှတ်ရေးအပေါ် မတူညီ ကွဲပြားသောအမြင်များဖြင့် ရှုထောင့်အသီးသီးမှ ဆွေးနွေးတင်ပြလျက်ရှိကြပြီး၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် ၂၀၂၁ ခုနှစ်အတွက် တစ်နာရီတွင်ရရှိမည့် အနိမ့်ဆုံးအခြေခံလစာနှုန်းထားကို တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News